Quantcast
Channel: အမှောင်ထုထဲက အလင်းစက်များ
Viewing all articles
Browse latest Browse all 33
အာရုဏ်ဦး (၃) နာရီ (သို့ မဟုတ်) သီဆမ် ตีสาม အပိုင်းတစ် (ကြောက်တတ်သူများ မဖတ်ရ)
$
0
0
 သူရိန်နေမင်း အနောက်ဖက်ဦးတည်ကာ ငုတ်လျှိုးလုလု ရောက်လာခဲ့ပြီ။ မနက်ဖန်ဆိုလျှင် ปีใหม่ (ပီမိုင်) နှစ်ကူးကာလစပြီ ဖြစ်လို့  ဆိုင်ကို ရက်ရှည်ပိတ်ရတော့မည်။ ဆိုင်အကူ ကောင်မလေးကို ပီမိုင် အတွက် ဆုငွေပေးရမည်… ဒါကိုတွေးရင်း ထိုင်းမလေး မေ တစ်ယောက် ထိုးလက်စ ဆံပင်တု တစ်ခုကို လက်စ သတ်နေလိုက်သည်။ 
မိန်ဆံပင်အတုဆိုင်၊ ကရုန်ထေ့မဟာနခွန်။
ဆံပင်တုအော်ဒါ မှာနိုင်သည်။
ဆံပင်ဖြတ်စများ ကီလိုချိန်ဖြင့်ဝယ်သည်။
ဖုန်း - ၀၂…………..။
မှတ်ချက် ။ ………… ။ ကရုန်ထေ့ (ဘန်ကောက်) မဟာနခွန် (မြို့တော်)။
မေ တို့ ညီ အစ်မ နှစ်ယောက်ပေါင်း ဖွင့်ထားသော ဒီဆံပင်တုဆိုင်လေးသည် ဘန်ကောက်မြို့တွင်း မကျတကျရပ်ကွက်တစ်ခုမှာ ရှိပြီး လေးထပ်တိုက် တစ်ခုလုံးကို ငှားရမ်းပြီး ဖွင့်လှစ်ထားသည့် အတွက် အတော်အတန်ကျယ်ဝန်းလေသည်။ အောက်ထပ် တစ်ခုလုံး ဆံပင်တုစွပ်ထားသည့် ဘိုမရုပ်ခေါင်းပြတ်များဖြင့် ပြည့်နှက်နေပြီးသည့်တိုင် ရုံးခန်းနှင့် ရေချိုးခန်းအိမ်သာ စသည်များ ထားနိုင်အောင်ပင် ရှည်လားလှသည်။ ဈေးဝယ်သူများသည် ဘိုမရုပ်ခေါင်းပြတ်များ အဆင့်လိုက် အဆင့်လိုက် တင်ထားသော စင်များ အကြား လိုချင်သည့်ပုံကို လိုက်လံရွေးယူကာ အော်ဒါ မှာယူကြသည်။
“တီ.. တီ.. တီ” အော်တိုဖုန်းမြည်သံကြောင့် “မေ” တစ်ယောက် ဆံပင်ထိုးနေရာက ထပြီးဖုန်းကိုင်လိုက်သည်။ အဖေ့ဆီက ဖုန်းဖြစ်သည်။ အဖေရော အမေပါ နယ်တွင်နေထိုင်ကြပြီး မနက်ဖန် ပီမိုင် နှစ်ကူး ကာလမှ ဘန်ကောက်ကို တက်လာကြမည်ဖြစ်လေသည်။ ထုံးစံတိုင်း အဖေသည် သူ၏ သမီးအငယ်မ “ပင်” ကိုသာ ပြောချင်သည့်တွက် ဆိုင်အကူကောင်မလေးကို တဆင့်ခေါ်ခိုင်းလိုက်ရသည်။ အမှန်တော့ “မေ” နှင့် “ပင်” တို့  ညီအစ်မ ၂ ယောက် မျက်နှာချင်းဆိုင် စကားမပြောကြသည်မှာ အတန်ကြာခဲ့ပြီ။ ယခင် အ၀တ်အထည်ဆိုင် လုပ်ခဲ့တုန်းက ဖိဖိစီးစီး လုပ်ကိုင်ခဲ့သော်လည်း “မေ” ၏ အားနာတတ်သော စိတ်ထားကြောင့် ဖောက်သည် အလိမ်အညာများအကြား အရှုံးပေါ်ပြီး ဆိုင်ကိုပါ ရောင်းပစ်ခဲ့ရပြီး “မေ” နှင့် “ပင်” တို့  ညီအစ်မ အကြား အဖုအထစ်များ စတင်ခဲ့သည်။
အိုင်ပက်ထဲမှ ဒစ်စကို တီးလုံးများအကြား နစ်မြောရင်း ခေါက်ဆွဲစားနေသော “ပင်”ကို ဖုန်းလာကြောင်း ခက်ခက်ခဲခဲ ပြောပြီးနောက် ဆိုင်အကူကောင်မလေးနှင့် “မေ” တို့  လုပ်လက်စ အလုပ်ကို ဆက်လုပ်နေစဉ်မှာပင် --
“ဟေး………. မေ ” …….. “ မေ.. ဆံပင်ညှပ်လိုက်သေးလား… ဒီပုံလေးနဲ့ သိပ်လိုက်တာပဲ… ဘယ်မှာ ညှပ်တာလဲ.. နောက်တစ်ခါ အဒေါ်ပါလိုက်ညှပ်မယ်နော်” ………. စကားများလွန်းလှသော ဆံပင်အရောင်း ဖောက်သည်အဒေါ် ရောက်ချလာသည်။ “ဒီမှာ မေ.. ခုတစ်လောက ဆံပင်တွေ လိုက်စုတာ ၃ လေး စည်းလောက် ရလာတာနဲ့  လာသွင်းတာ”….. “ဈေးပိုပေးဦးနော်…..”။ “အင်းပါ.. အဒေါ်ရယ်.. စိတ်ချပါ.. ကဲ.. မေ ကီလိုသွားချိန်လိုက်ဦးမယ်နော်.. ဒီရှေ့မှာပဲ သီတင်းစာ ဖတ်ရင်း စောင့်နေလှည့်ဦးပေါ့ … ပေးပေး.. ဆံပင်အိတ်”………..
“မေ” ဆံပင် ၂ စီး ချိန်နေတုန်း “ပင်” က အဖေတို့  မနက်ဖန်မနက် ရောက်မည်ဖြစ်ကြောင်း စူပွပွနှင့် လာပြောသဖြင့် စကားခဏ ပြန်ပြောနေတုန်း………. “၀ုတ်……… ၀ုတ်……. ၀ုတ်” ခွေးလေး မီကီ ဆူညံစွာ ထိုးဟောင်သည်။ မိကီသည် တိတ်ဆိတ်စွာ နေတတ်သော ခွေးမလေး ဖြစ်ပါသည်။ ဘာမြင်လို့ ပါနည်း။ “မေ” တို့  သတိမထားလိုက်မိသည်က ကီလို မချိန်ရသေးသည့် လက်ကျန် ဆံနွယ် တစ်စည်းထည့်ထားသော အိတ်သည် တဆတ်ဆတ်ခုန် လှုပ်ရှားနေခြင်းပင်။
ထိုင်းသတင်းစာ မျက်နှာစာတိုင်းတွင် လူသတ်မှု၊ လူသေမှု၊ ကားတိုက်မှု၊ မီးလောင်မှု ဒါတွေ နေ့ တိုင်းတွေ့ မြင် နေရသည်က မဆန်းလှပေ။ သို့  သော်…..
(((“ကရုန်ထေ့မဟာနခွန်၊ (……….) ဆေးရုံမှ ရေခဲတိုက်ဝန်ထမ်းတစ်ဦး၊ အမျိုးအမည် မသိရနိုင်သည့် တိုက်ခိုက်မှု ကြောင့် ၏ နေအိမ်အနီးတွင် သေဆုံးသွားခြင်း”
“မှုခင်းရဲတပ်ဖွဲ့ မှ (….) သတင်းဌာနသို့  ဖြေကြားရာတွင်… ကွယ်လွန်သူ၏ ဦးခေါင်း၊ ရင်ဘတ် နှင့် အသက်ရှုလမ်းကြောင်းတို့ တွင် အမျိုးအမည် မဖေါ်ပြနိုင်သော…………………..”)))
ဆံပင်လာပို့ သူ အဒေါ်တစ်ယောက် အတွက် ဒီနေ့  သတင်းစာဟာ ကြောက်ရွံ့ထိတ်လန့်  ဖွယ် အကောင်းဆုံး သတင်းစာ ဖြစ်နေပြီး၊ ပတ်ဝန်းကျင်အားလုံးကို မေ့လျော့ကာ စမှဆုံး ဖတ်ရှုနေမိတော့သည်။ အမှန်တော့ သေဆုံးသွားသူမှာ သူမ၏ စီးပွားဖက်ဟု ခေါ်ရန်လည်း ဖြစ်နိုင်သော… လူတစ်ယောက် ဖြစ်နေတော့သည်မဟုတ်ပါလား။
မှတ်ချက်။ ………… ။ ထိုင်းနိုင်ငံတွင် သတ်သတ်မှတ်မှတ် ရေခဲတိုက်၊ မီးသင်္ဂြိုဟ်စက်များ ထားရှိသည်မဟုတ်ပဲ… ဘုန်းတော်ကြီးကျောင်းတိုင်းတွင် မီးသင်္ဂြိုဟ်စက် ရှိပြီး၊ ဘုန်းတော်ကြီးကျောင်းများ တွင်သာ မီးသင်္ဂြိုဟ်ကြပါသည်။
“အဒေါ် … အဒေါ်…….. အော်…. ဒီ အဒေါ်တစ်ယောက်နှယ့်တော့. ဘယ့်နှယ့် ခေါ်မကြား အော်မကြား” “ဒီမှာ ဆံပင်ချိန်ပြီးလို့  … ဘတ် (---) ရာ ပါရှင့်” သတင်းစာထဲ အာရုံရောက်နေသော အဒေါ်ကြီးကို “မေ” တစ်ယောက် မနည်းခေါ်ယူရပြီး၊ စကားများလှသော အဒေါ်ကြီးသည် “မေ့” လက်ထဲက ပိုက်ဆံကို ဖြတ်ကနဲ ဆွဲယူကာ တစ်ချက်မျှ နှုတ်ဆက်ပြီး ဆိုင်ထဲက အပြေးအလွှား ထွက်ခွာသွားတော့သည်။ “မေ့” စိတ်ထဲတွင်တော့ .. ဒီအဒေါ်ကြီး ဒီနေ့ မှ ထူးထူးခြားခြား ဘာများဖြစ်လို့ ပါလိမ့်ဟု တွေးမိသည်။ .. အရင်အခေါက်တွေ တုန်းကဆို စကားမနည်း ဖြတ်ယူပြီးမှ ပြန်လေ့ရှိသည့် သူတစ်ယောက် မဟုတ်ပါလား။
ညနေ ၆ နာရီထိုးခါနီးပြီ။ အကူကောင်မလေး မပြန်ခင် နှစ်သစ်ကူး မုန့် ဖိုး ပေးနေတုန်း “ပင်” တစ်ယောက် ကျော့ကျော့မော့မော့ အလှတွေပြင်ကာ ထွက်ချလာသည်။ “ဟယ်….. မမ “ပင်” လှလိုက်တာ… ဘယ်ထွက်လည်မလို့  တုန်း ဒီညကို”…… “ဆွိုင်ထောင်လော် - Soi Thoungloe လေ.. ဘော်ဒါတွေနဲ့  ဘီယာသောက်မယ်”.. ဟု “မေ့” ကိုပါ အသိပေးသလို ဖြေသည်။
(ဘန်ကောက်တွင် အပျော်ရှာရာနေရာများကို “ဆွိုင် ----” စသည့်ဖြင့် ခေါ်ပါသည်။ မြန်မာများ သိကြသည့် ပက်ပုန်း ဆိုသည်မှာ ဆွိုင်စီးလုံ၏ တစ်စိတ်တစ်ပိုင်း လမ်းသွယ်များသာ ဖြစ်သောကြောင့် ဘန်ကောက်မြို့ရောက်သော် ပက်ပုန်းဟု တကစီသမားအား ပြောဆိုကာ မသွားကြပါလေကုန်။ “ဆွိုင်စီးလုံ၊ ဆွိုင်နာနာ၊ ဆွိုင်ထောင်လော်၊ ဆွိုင်ခေါက်ဆန်၊ ဆွိုင်လာဒ်ချဒါ” စသည့်ဖြင့် Specified လုပ်ကာ သွားကြပါလေကုန်။ (ကားငှားပြီးမှ ဖုန်းဆက်ဆက် မေးမြန်းသူများအား ရည်ညွှန်းပါ၏…… ဟိဟိ))
တစ်ယောက်ထဲ ကျန်ရစ်ခဲ့သော “မေ” သည် နောက်ဆုံးကီလိုချိန်သည့် ဆံပင် အစည်းလေးအား နှစ်သက်စွာ ကောက်ကိုင်ကြည့်လိုက်ပြီး အသာအယာပွတ်သပ် မိလိုက်သည်။ တကယ်ကိုပင် အားကောင်းသန်စွမ်းလှသည့် ဆံပင်စည်းဖြစ်ပါသည်။ ပိုင်ရှင်သည် ဖြတ်ရောင်း လိုက်ရခြင်းအတွက် အတော်ပင် နှမြောတသ ဖြစ်နေပေလိမ့်မည်။ “မေ” သည် မည်သည့်အရာမှန်း မသိသော ဆွဲဆောင်မှု တစ်ခုနှင့် နစ်မြောပြီး ဆံပင်လေးအား သီးသန့်  ဖီးသင်ခြင်း၊ လျော်ဖွတ်ခြင်း များ ပြုလုပ်ကာ ဆံပင်ပေါင်းသည့် လူတစ်ရပ်စာ မိုက်ခရိုဝေ့ဖ် စက်ကြီးထဲဝယ် အခြောက်ခံ ပေါင်းခြင်း စသည်တို့ အား ဆက်တိုက်အပြီးသတ် စေလိုက်သည်။ အပေါင်းခံစက်ထဲမှ ဆံနွယ်စီးကလေးသည် မြင်ရသူအဖို့  အတော်ပင် ညို့ငင်အား ကောင်းလှသည်ဟု “မေ” မှတ်ချက်ချလိုက်မိတော့သည်။
မျက်နှာသစ် ကိုယ်လက် သန့် စင်ပြီးနောက် စိတ်ငြိမ်ဆေး တစ်လုံးကို သောက်ကာ ဘေစင်မှန်တွင် မိမိကိုယ်ကို ပြန်သုံးသပ်မိသည်။ ဒီနှစ်များ အတွင်း စိတ်ဖိစီးမှုများကြောင့် သူမ၏ မျက်နှာ ချောင်ကျနေပြီး စိတ်ငြိမ်ဆေးများကို အားကိုးနေရပြီ။ ဘေစင်ထဲသို့  သွေးစက်အချို့ကျလာသည်။ မှန်မှာ ကြည့်လိုက်တော့ .. သူမ နှာခေါင်းသွေး လျှံလာပြန်သည်… ရေပိုက်ခေါင်းကို ဖွင့် မျက်နှာပြန်သစ်ကာ အသာ အယာ ဆေးကျောပြီး ခဏတာ ခေါင်းမော့ကာ ရပ်နေလိုက်သည်။ ပြန်ငုံ့ ကြည့်တော့.. ဘေစင်က ရေမဆင်းချေ။ ဘေစင် အံဖုံးလေးကို အသာဆွဲထုတ်ပြီး နှိုက်လိုက်တော့ ဆံပင် တစ်ထွေးထွက်ချလာသည်။
ရေပိုက်ခေါင်းထဲက ညိုညစ်ညစ် လက် ၂ ချောင်း ဖြတ်ကနဲ  ထွက်ချလာရာ…. “မေ” တစ်ယောက် နောက်ပြန်လဲကျသွားပြီး ထိတ်လန့် မှင်တက်နေတော့သည်။ ဘေစင်ထဲမှ လက်တစ်ဖက်လုံး ထွက်ချလာပြီး “မေ့” မျက်နှာနားသို့  တဖြည်းဖြည်း ကပ်ချလာသည်။ ထိတ်လန့်  ကြောက်ရွံ့မှုကြောင့် အား………… ခနဲ  အော်လိုက်သည်။
“မေ” ဆတ်ကနဲ နိုးလာသည်။ သူမ ဆံပင်ထိုးသော ခုံပေါ်တွင် ထိုင်ရက်အိပ်ငိုက်ကာ အိပ်ပျော်သွားပုံရသည်။ ခဏနေတော့…. ဆိုင်ရှေ့ဖက် ဘိုမရုပ်ခေါင်းပြတ်တွေဖက်က အသံအချို့ကြားရသည်နှင့် သူမ ကြောက်ကြောက်လန့်  လန့်  နှင့်………. “ဘယ်သူရှိလဲ…… ဆိုင်ရှေ့မှာ  ဘယ်သူရှိလဲ…. ” ထွက်ရှာသည်။ အလင်းရောင်ကား မှုန်ပြပြတည်း။
“၀ါးဟားဟား……………” “ဟက်ပီး နူးရီးယား……….” “ပင်” နှင့် သူမ၏ သူငယ်ချင်း များ ဖြစ်ကြသော “ချို” နှင့် သူမ၏ ချစ်သူ “သွိုင်” ၊ ပြီးတော့ လေဒီဘွိုင်း “ရိုစ့်”…….. ဒီတစ်သိုက် ပုန်းနေရာက ထွက်လာပြီး ခြောက်လှန့်  လိုက်ကြသည်။ အားလုံး အနည်းငယ်စီ မူးနေကြပြီ။ အပေါ်ဆုံးထပ် လေသာဆောင်မှာ ဘီယာထပ်သောက်ကြဖို့  တက်သွားကြသည်။ ရှုပ်ရှုပ်ထွေးထွေး မကြိုက်လှသော “မေ” သာ ဆိုင်တံခါးပိတ်ခြင်း မီးပိတ်ခြင်း၊ သိမ်းဆည်းခြင်းများ ဆက်လုပ်လျက်။ ဆိုင်၏ ဆွဲတံခါးကို ဆွဲချလိုက်ပြီး သော့ခတ်လိုက်သည်။ အချိန်ကား ည တစ်နာရီ ခွဲကျော်။
လေသာဆောင်ပေါ်က စက်တင်ခုံမှာ ဘီယာသောက်နေရင်း “သွိုင်” က သရဲအကြောင်း ပြောပြသည်။ ကြောက်စရာ အခန်းအရောက် လေဒီဘွိုင်း “ရိုစ့်” က အား….. ကနဲ ထအော်ပြီး “ဘာမှ မဟုတ်ဘူးဟေ့ … ဘီယာကုန်ပြီလို့  ပြောမလို့ ”.. အရွန်းထဖောက်သည်။ ထို့ နောက် ရိုစ့်တစ်ယောက်ထဲ အောက်ထပ်ဆင်းသွားပြီး ဘီယာဆင်းယူသည်။ အဲ့သည်မှာ လေဒီဘွိုင်း “ရိုစ့်” အတွက် အနှစ်သက်ဆုံး အရာ တစ်ခုကို ရှာဖွေတွေ့ ရှိသွားပြီး ဘီယာပုလင်းကိုပါ ပိုက်ကာ လေသာဆောင်ပေါ်သို့  ပြန်တက်လာခဲ့သည်။ ထိုအရာကား…………… “မေ” တစ်ယောက် ပြုပြင်ထားပြီးခါစ အလှဆုံး ဆံနွယ် အခွေလေး ဖြစ်တော့သည်။
“ရိုစ့်” သည် ဆံပင် အခွေကို ဖြန့် ချကာ ခေါင်းပေါ်စွပ်ပြီး အမျိုးမျိုး ဟန်လုပ်ပြရာ တစ်ဖွဲ့ လုံး အတောမသတ်နိုင်အောင် ရယ်မောနေကြရလေသည်။ အချိန်ကား မနက် ၂ နာရီခွဲကျော်ချေပြီ။ သူတို့  ဆူညံလွန်းသဖြင့် “မေ” တစ်ယောက် တက်လာရာ သူမ၏ ဆံပင်များကို ယူဆော့နေသော “ရိုစ့်” ကြောင့် ဒေါသထွက်သဖြင့် “မေ” နှင့် “ပင်” တို့  ညီအစ်မ နှစ်ယောက် စကားများကြရသည်။ ထို့ နောက် “ပင်” က ဆံပင် ယူလာသော “ရိုစ့်” ကိုပင် အောက်ထပ်သို့  ပြန်ထားခိုင်းလိုက်သည်။ သုံးနာရီ တိတိကျဖို့  စကန့်  ပိုင်းသာ……….။
သီချင်းတစ်အေးအေးနှင့် ဆင်းသွားသော “ရိုစ့်” အောက်ထပ် ဆိုင်ခန်းထဲ ဘိုမရုပ် ခေါင်းပြတ်များ ကြားထဲ အရောက် တိုင်ကပ်နာရီက မနက်သုံးနာရီ ဒင်ခနဲ မြည်ချိန် တိတိကျကျ ရုတ်တရက် မီးပျက်သွားလေတော့သည်။ သူ စမ်းတ၀ါးဝါးနှင့် ကြောက်ကြောက်လန့်  လန့်  လျောက်သွားနေခိုက် သူ့  အနောက်ဖက်မှာ ဆံပင်ဖားယားနှင့် လူရိပ်သူယောင်များ ကို တွေ့ ရပြီး… တုန်တုန်ယင်ယင် ဖြစ်နေလေပြီ။ ဘိုမရုပ်ခေါင်းပြတ်များကလည်း အပေါ်ထပ်က လာသော မီးရောင်မှုန်မှုန်အောက်မှာ သူ့ အား လှောင်ပြောင်သယော်နေသလို။ ထွက်ပေါက်နား ရောက်ခါနီးသူ့ သွေးများ ဆုတ်သွားလောက်အောင် ကြောက်ရွံ့ပြီး ငယ်သံပါအောင် အော်မိတော့သည်။
သူ့ ရှေ့မှာ ရေနစ်သေထားသလို ခန္ဓာကိုယ် ပြာတာတာကြီးနှင့် ဆံပင်ဖားယား သရဲမကြီး……………….။ ထွက်ပြေးရန် ပြင်စဉ်မှာ….. သူ့ ခေါင်းတွင် လွှားတင်ထားသော ချစ်စရာ ဆံနွယ်ခွေထဲမှ ရေပွနေသော လက်ပြာပြာကြီးများ ထွက်လာပြီး သူ့ အား အတင်းညှစ်သည်။… သေငယ်ဇောနှင့် ရောထွေးနေသော “ရိုစ့်” အသံ အပေါ်ထပ်များအထိ လွှင့်ပျံကာ သွားပြီး တိမ်မြုပ် ပျောက်ကွယ်သွားပါတော့သည်။
“ရိုစ့်” အော်သံကြောင့် အပေါ်ထပ်က လေးယောက်စလုံး ဆင်းလာကြသည်။ အောက်ဆုံးထပ်သည် မီးမှောင်ကျလျက်။ သူတို့ လက်ကိုင်ဖုန်းကိုယ်စီဖွင့်ပြီး “ရိုစ့်” ကို လိုက်ရှာကြသည်။ “ရိုစ့်” ဟာသလုပ်နေသည်ဟုပဲ သူတို့  ထင်နေကြတုန်းပါ။ “မေ” ၏ ဖုန်းအလင်းရောင်အောက်တွင် မြင်လိုက်ရသော အရာကြောင့် တစ်ခုခု ဖြစ်နေပြီဆိုတာ တွေ့ သိလိုက်ရပြီ။
“မေ” သည် ဘိုမရုပ် ခေါင်းပြတ်အတန်းများကြားက ကြမ်းပြင်ပေါ်တွင် သွေးစွတ်ကြောင်းကြီးကို တွေ့ ရာမှ လိုက်ကြည့်ကြရာ………….။ “ရိုစ့်” ကို တွေ့ ရပါပြီ။ အသက်ရှင်လျက်ကား မဟုတ်ချေ။ “ရိုစ့်” ၏ ဦးခေါင်းပြတ်ကြီးသည် သွေးစက်များ တောက်တောက် ကျကာ ဘိုမရုပ်ခေါင်းပြတ်များနှင့် ဘေးချင်းယှဉ်လျက် အရုပ်ဆိုး အကျည်းတန်စွာ .. နာကျင်ခံစားမှုများကို ပြသလျက်။
သွေးစွတ်ကြောင်း၏ အဆုံးမှာကား.. ရေစိုနေသော အသားပြာတာတာ ပွတတ နှင့် ထိတ်လန့်  ကြောက်ရွံ့ဖွယ် လူသတ်တရားခံ သရဲဝိဥာဉ်မကြီးတည်း။ သူတို့  နားကို ချဉ်းကပ်လာသည့်နောက် သူတို့  လေးယောက်လုံး တံခါးပေါက်ကို ထွက်ပြေးကြသည်။ ထိတ်လန့်  ကြောက်ရွံ့မှုကြောင့် တုန်တုန်ယင်ယင် ဖြစ်နေသော “မေ” သည် သော့ကို အလွယ်တကူ ဖွင့် မရနိုင်ချေ။ “သွိုင်” က ၀င်ဖွင့်ပေးသော အခါ… အားလွန်ပြီး သော့မပွင့်ပဲ.. သော့ကျိုးသွားလေတော့သည်။
သုံးယောက်သား တံခါးကို ကန်ကျောက်နေကြချိန်တွင် “ချို” တစ်ယောက် ဆိုင်အတွင်းဖက်တွင် တူ၊ ဂွတွေ ရှာရန် ပြေးဝင်သွားမိသည်။ သူမ ကံဆိုးချေပြီ။ သော့ရိုက်ချိုးရန် ဂွ တစ်ခုတော့ သူမ တွေ့ ပါပြီ…. သို့ သော်….။
အပေါက်ဝသို့  ပြန်ရောက်မလာသော “ချို” ကို ပြန်ခေါ်ရန် သုံးယောက်သား ၀င်သွားကြသည်။ ချိုသည် ရုံးခန်း အနောက်နားတွင် ငုတ်တုတ်ထိုင်လျက် သွေးဆုတ်ဖြူဖျော့နေသည်။ ထိုင်နေသော သူမကို ၀ိုင်းဆွဲခေါ်ကြသော်လည်း သူမသည် ထမရနိုင်ချေ။ သူမ၏ ၀မ်းဗိုက်ထဲမှ ရေများ ထွက်ကျလာပြီး လက်တစ်စုံပါ ထွက်လာကာ သူမကို ၀ိုင်းဆွဲနေကြသူများကို ထိုလက်က လိုက်ဖမ်းသည်။ အားလုံးနောက်ဆုတ်သွားကြချိန်.. “ချို” ၏ ခန္ဓာကိုယ်သည် လေထဲသို့  မြောက်တက်သွားပြီး မျက်နှာကျက်နှင့် ပြေးရိုက်လိုက် ကြမ်းပြင်ပေါ် ပြန်ပြုတ်ကျလာလိုက်ဖြင့် ၃ ခေါက်မျှ ဖြစ်သွားပြီး… သူမ၏ ပါးစပ်မှ “ကယ်ပါ” ဟု လေသံ သဲ့သဲ့လေး ထွက်ကာ ငြိမ်သက်သွားတော့သည်။
အောက်ထပ်တွင် ထွက်ပေါက် မရှိနိုင်တော့သည့်နောက် အပေါ်ဆုံးထပ် လေသာဆောင်မှ အခြားတိုက်တွေကို အကူအညီတောင်းဖို့  ပြေးတက်ကြသည်။ ဆံပင်တွေ အ၀တ်တွေ နေလှန်းထားသည့် လေသာဆောင်ခြမ်းဖက်တွင် “သွိုင်” ဖုန်းခေါ်ရန် ကြိုးစားနေခိုက် “မေ” သည် ဆဠမအာရုံ ရသကဲ့သို့  ချစ်စဖွယ် ဆံနွယ်ပိုင်ရှင်မလေး ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ မြင်ရလာလေသည်။ ဆံပင်ပိုင်ရှင် သည် လူတစ်စု၏ ညှင်းပန်းနှိပ်စက်မှုတို့ ကို ခံစားရပြီး နောက်ဆုံး.. ဘေစင်ထဲ ခေါင်းနှစ်ခံရပြီးကာ မနက်လင်းအာရုဏ် ကျရောက်ခါနီး ၃ နာရီ တိတိတွင် သေဆုံးခဲ့ရပြီး သူမ၏ ၀ိဥာဉ်တွင် အမုန်းတရားများ ပြည့်နှက်လျက် လူသတ်ရန် ခွန်အားများ ပြည့်ဝနေခဲ့လေပြီ။ “ပင်” သည် ကယောင်ကတန်းပြောကာ ခွေလဲကျနေသော သူ့ အစ်မ “မေ”ကို စိုးရိမ်တကြီး ခေါ်ငင်လျက်။
လေတိုက်တိုင်း တလွှင့်လွှင့် ဖြစ်နေသော ဆံပင်များ၊ အ၀တ်များကြားဝယ် “သွိုင်” တစ်ယောက် ကြောက်မက်ဖွယ်ရာ မျက်နှာကြီး ကိုမြင်တွေ့ ရသည့်နောက် ….. ခြေလှမ်း တစ်လှမ်းချင်း နောက်ဆုတ်ကာ လေးထပ် တိုက်အောက်သို့  ပြုတ်ကျ သွားလေတော့သည်။ “သွိုင်” ၏ ကြောက်မက်ဖွယ် အော်သံကြောင့် ညီအစ်မ နှစ်ယောက် သူပြုတ်ကျသွားသည်ကို လှမ်းမြင်လိုက်ရပြီးနောက်… အောက်ထပ်သို့  ပြန်ပြေးဆင်းကာ အော်တို ဖုန်းကို ခေါ်ဖို့  ကြိုးစားကြသည်။ ထို အခိုက် “မေ” သည် ၀ိဥာဉ်၏ ဖမ်းစားမှု ကြောင့် အသိစိတ်များ ကင်းလွတ်လုလု ဖြစ်နေလေပြီ။
“ပင်” သည် “မေ” ကို စိတ်မချလျက်နှင့် ဆံပင်ပေါင်းခန်းထဲ တွင် ခဏထားပြီး အကူအညီခေါ်ရန် ကြိုးစားခိုက် ဆံပင်ပေါင်းခန်းတံခါးသည် ၀ုန်းကနဲ ပိတ်ကာ ပြန်ဖွင့်မရနိုင်တော့ချေ။ တံခါးမှန်ပြတင်းမှ တွေ့ လိုက်ရသည်မှာကား ကြောက်လန့်  ကာ ရပ်နေသော “မေ” ၏ အနောက်ဖက်တွင် ပွထနေသော ကြောက်မက်ဖွယ် ၀ိဥာဉ်ကြီး…
“ပင်” သည် သူ့ အစ်မ “မေ” ကို ကယ်တင်ဖို့  တံခါးလက်ကိုင်ဖုကို မီးသတ်ဘူးဖြင့် ရအောင် ထုခွဲပြီး ၀င်ဖို့  ကြိုးစားရာ အောင်မြင်သွားလေသည်။ သို့ သော် သူမ အခန်းထဲ ပြန်ရောက်ချိန်“မေ” သည် ဆံပင်ပေါင်းသည် မိုက်ကရိုဝေ့ဖ်ထဲ ထည့်သွင်းခံထားရလျက် အနေအထား….. မိုက်ကရိုဝေဖ့်လော့သည် ပြန်ဖွင့်မရနိုင်အောင် ပိတ်ကာစီးထားပြီး အပူချိန်သည်လည်း တဖြည်းဖြည်း တက်လာတော့သည်။ မိုက်ကရိုဝေဖ့်ထဲမှ “မေ” သည် မှန်တံခါးကို ထုပြီး အော်ဟစ်ငိုယိုနေပြီး.. နှာခေါင်းမှ သွေးများလည်း လျှံကျလာလေသည်။
ညီအစ်မ ၂ ယောက်ကြား မိုက်ကရိုဝေ့ဖ် မှန်ထူကြီး ခြားနေပြီး “ပင်” က ကိုယ်နှင့် တိုက်ကာ မှန်ကို ခွဲဖို့ ကြိုးစားသည်။ တဖြည်းဖြည်းနှင့် အပူချိန်မြင့်မြင့်လာပြီးနောက် မှန်များလည်း အက်ကွဲလာကာ “၀ုန်း………” ကနဲ့ မြည်ဟီး သံကြီး နှင့် အတူ “ပင်” ၏ ခန္ဓာကိုယ်သည် မှန်စ များနှင့် အတူ လွှင့်စင်သွားပြီး တလောကလုံး တိတ်ဆိတ် အမှောင်အတိ ကျသွားလေတော့သည်……………………..။
မနက်ခင်း နေရောင်စူးစူးသည် “ပင်” ၏ မျက်နှာပေါ်ကို ထိုးကျလာသောကြောင့် နာကျင်ကိုက်ခဲနေသည့်ကြားက မတ်တတ်ရအောင် ရပ်လိုက်သည်။ သူ့ ဘေးပတ်ဝန်းကျင်မှာ အရာအားလုံး ကွဲရှလျက်။ အိမ်ရှေ့ကို ထွက်လာခဲ့သည်။ ဆိုင်ခန်းဆွဲတံခါးသည် ဆွဲမထားလျက်ရှိပြီး အမေနှင့် အဖေသည် တကစီပေါ်မှ ပစည်းများ ချလျက်ရှိသည်။
“ပင်” သည် အမေ့ကို မြင်သောအခါ “အမေ” ဟု တိုးလျသော အသံနှင့် ခေါ်လိုက်၏။ အမေသည် “ဟယ်…… သမီးလေး… ဘာလို့  ငိုနေတာတုန်း….. ဟင်.. ဘာဖြစ်လို့ တုန်း” ဟုမြည်တမ်းကာ လက်ကမ်းကြိုရှာသည်။ သူမ လျောက်သွားရန်ပြင်ခိုက်.. သူမနောက်မှ “မေ” ပြေးထွက်လာပြီး အမေကို ဖက်ကာ ငိုလေသည်။
ထိုအခါ အဖေသည် စိုးရိမ်ထိတ်လန့်  စိတ်ဖြင့် ဆိုင်အတွင်းကို လှမ်းကြည့်ပြီး ၀င်လာလေရာ… “ပင်” က “အဖေ” ဟု စို့ နင့်စွာ ခေါ်ပြီး ပြေးဖက်သည်။ သို့ သော် အဖေသည် သူမအား လှည့်ပင် မကြည့်ပဲ ပေါက်ကွဲပျက်စီးနေသော မိုက်ကရိုဝေဖ့် အခန်းကို ၀င်ကာ တစ်စုံ တစ်ခုရှေ့ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုနေပါတော့သည်။
“ပင်” သည် ၀မ်းနည်း စိုးရိမ်မှုများ၊ အားငယ်မှုများကြောင့် မိုက်ကနဲ ဖြစ်သွားသလို ရှိရာမှ ၀မ်းဗိုက်တွင် နာကျင်လာသဖြင့် လက်ဖြင့် စမ်းသပ်ကြည့်ရာ… သူမ၏ ဗိုက်တွင် မိုက်ကရိုဝေ့ဖ်မှ မှန်ကွဲစ အချွန်ကြီးတစ်ခု စိုက်လျက်…….။ သူမ လက်ဖြင့် ဆွဲနှုတ်လိုက်ပြီး…… ရိုင်နဲ့  ခွေကျသွားသည်။ အမှန်တော့ သူမ၏ တကယ့် ခန္ဓာကိုယ်သည် ၀ိဥာဉ် ချုပ်ငြိမ်းလျက်ရှိနေခဲ့ပြီး ဖြစ်ပါသည်။ သို့ ဆိုလျှင် ……. “မေ”… သူမကရော…၊ “ပင့်” ခေါင်းထဲ ယောက်ယက်ခတ်သွားသည်။ တစ်ခုခုတော့ မှားနေခဲ့ပါပြီ။
အမေ့ကို ဖက်ကာငိုနေသော “မေ့” ကိုလှမ်းကြည့်လိုက်မိသည်။ “မေ” ၏ မျက်လုံးများသည် သူမ၏ အစ်မ “မေ” မဟုတ်တော့ကြောင်း ဖေါ်ပြနေပါသည်။ သူမ ဒီမျက်လုံး အစုံကို သိသည်။ သိပ်ကို သိသည်။ ကြောက်ရွံ့ထိတ်လန့်  စွာ မြင်ခဲ့ရသည် မဟုတ်ပါလား…။ ကြောက်ရွံ့စိတ်၊ ၀မ်းနည်းစိတ်၊ ဒေါသစိတ်များဖြင့် တဖြည်းဖြည်း အားနည်း ပျော့ခွေ မှေးမှိန်လာပြီး “ပင်” တစ်ယောက် ဝေးလွှင့် ပျောက်ကွယ်သွားလေတော့သည်။………………..။
(ထိုင်းသရဲဇတ်လမ်း သီဆမ် ตีสาม မှ အပိုင်း တစ်ပိုင်းကို ဇာတ်လမ်းရေး.. ချရေးထားပါသည်။ အကုန်နားမလည်လို့  ဖြန်းဖြီးရွှီးထားတာလည်းပါပါသည်။ ကြောက်လန့် တတ်ပါက မဖတ်ပါနှင့်)။
Viewing all articles
Browse latest Browse all 33
Trending Articles
TTA Oreo Gapp Installer
အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ
ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)
တားမြစ်ထားတဲ့ သီချင်းလေးတွေ...
ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ
မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...
အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်
အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)
ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ